Monday, September 8, 2008

စီအီးအိုများကို ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်း

စီးပွားရေးအဖွဲ့အစည်းများကို ဦးစီးဆောင်ရွက်သူများအား အမှုဆောင်အရာရှိ ချုပ်-Chief Executive Officer-CEO ဟုအမှတ်သညာပြုကြသည်။ ထို CEO များ၏ လုပ်ပုံ ကိုင်ပုံသည် တတ်သိပညာရှင် Professional ဆန်သလား သို့မဟုတ် အာဏာရှင်ဆန်သလား ဆိုသည့်ကိစ္စနှင့်ပက်သက်၍ အချက်တစ်ချို့ကို ခွဲခြမ်းစိတ်ဖြာ ကြည့်ရန်လိုသည်။

ဤဆောင်းပါးတွင် စီးပွားရေးအဖွဲ့အစည်းတို့၏ အကြီးအကဲCEOများသည် တတ်သိပညာရှင်လား အာဏာရှင်လားဆိုသည်ကိုသိနိုင်ရန် အကျဉ်းမျှဖော်ပြထားပါသည်။
၁။ ။ ကိုယ်ရည်ကိုယ်သွေး (Personality)
တတ်သိပညာရှင်ဆန်သည့် CEO၏ကိုယ်ရည်ကိုယ်သွေးမှာ ရင့်ကျက်သည်။ မျှမျှတတစဉ်းစားသည်။ အရှိန်အဟုန်ဖြင့် လုပ်ကိုင်တတ်သည်။ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်မှုသဘောဆောင်သည်။
အာဏာရှင်ဆန်သည့်CEO၏ကိုယ်ရည်ကိုယ်သွေးမှာစွာသည်။ မိမိကိုယ်မိမိကြည့်သည်။အတ္တများသည်။ရန်လိုသည်။သူတစ်ပါးနာကျင်ကြေကွဲမှပျော်သည်။ ခံစားချက်မဲ့သည်။

၂။ ။အရည်အချင်း (Qualification)
တတ်သိပညာရှင်ဆန်သည့် CEO သည် အမြင်ကျယ်သည်။ အောင်မြင်မှုရအောင် ထင်ရှားသက်သေပြနိုင်သည်။ အာဏာရှင်ဆန်သည့် CEO သည် သံသယရှိဖွယ်ကောင်းသော နည်းလမ်းများသုံး၍အောင်မြင်မှုရအောင်လုပ်တတ်သည်။

၃။ ။ဝန်ထမ်းခန့်ထားခြင်း (Recruitment)
တတ်သိပညာရှင်ဆန်သည့်CEO တို့သည် သက်ဆိုင်ရာဝန်ထမ်းများ၏ အရည်အချင်း မြင့်မားမှုရှိ၊ မရှိအပေါ် အခြေခံ၍ ခန့်ထားသော်လည်း အာဏာရှင်ဆန်ဆန်လုပ်တတ်သည့် CEOတို့မှာမူ သြဇာအာဏာသုံးခြင်း၊ လူပုဂ္ဂိုလ်ချင်းရင်းနှီးမှုအပေါ် အခြေခံခြင်းတို့ဖြင့် ၀န်ထမ်းခန့်ထားလေံရှိသည်။

၎။ ။ကျင့်ဝတ်(Moral)
တတ်သည့်ပညာရှင်ဆန်သည့် CEOတို့သည် ကိုယ်ကျင့်သီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံကြသည်။ အာဏာရှင်ဆန်သည့် CEOတို့မှာမှု အောင်ပွဲရဖို့အတွက်ဆို ဘာပဲလုပ်ရလုပ်ရ ၀န်မလေးကြ။

၅။ ။ဝေဖန်ချက်(Criticism)
တတ်သည့်ပညာရှင်ဆန်သောCEOတို့က ဝေဖန်ရေးကိုကြိုဆိုသည်။ ဓမ္မဓိဌာန် ကျသော၊ အပြုသဘောဆောင်သော်ဝေဖန်ရေးမျိုးကို ပိုကြိုက်သည်။ အာဏာရှင်ဆန်သော CEOတို့က ဝေဖန်ရေးမလိုပါဟုဆိုသည်။ ဝေဖန်သူကိုရန်သူဟုသဘောထားသည်။

၆။ ။အမြင်နှင့်အကြံဥာဏ်(Opinion & Advice)
တတ်သည့်ပညာရှင်ဆန်သည့်CEOတို့သည် အခြားသူတို့၏ အမြင်နှင့်အကြံဥာဏ် ကိုလက်ခံနိုင်စွမ်းရှိကြသည်။ အာဏာရှင်ဆန်သော CEOတို့သည် အခြားသူတို့၏ အမြင်နှင့်အကြံဥာဏ်ကို လုံးဝစိတ်မ၀င်စားကြ။ ငါမှငါ--ဟုသာ ထင်ကြသည်။

၇။ ။စီမံခန့်ခွဲမှုအဖွဲ့ဝင်များခန့်ထားခြင်း
တတ်သည့်ပညာရှင်ဆန်သည့်CEOတို့က ၄င်းတို့၏ လုပ်ငန်းအဖွဲ့အစည်း၌ စီမံခန့်ခွဲရေးတာဝန်ရှိဝန်ထမ်းများကိုခန့်ထားသည့်အခါနာမည်ကောင်းဂုဏ်သတင်းရှိ သူများ၊ အရည်အချင်းရှိသူများကိုသာ ရွေးချယ်ခန့်ထားလေ့ရှိသည်။
သို့သော်အာဏာရှင်ဆန်သော CEOတို့များမှာမူ ၄င်းတို့၏ ဌာန၌ စီမံခန့်ခွဲရေးဆိုင်ရာ အရာရှိများခန့်ထားရာ၌ အဓိကထားသော စံမှာ CEOကို အပြန်အလှနခံမံငြင်းသူ၊ ပြန်မပြောသူ၊ ပြောသမျှခေါင်းငြိမ့်သဘောတူသူပင်ဖြစ်၏။ သူတို့အတွက်ရိုးသားမှူက စံမဟုတ်၊ CEOအပေါ်သစ္စာရှိမှုကသာ စံဖြစ်၏။

၈။ ။ရည်မှန်းချက်ချမှတ်ခြင်း
တတ်သည့်ပညာရှင်ဆန်သည့်CEOသည် ရည်မှန်းချက်ချမှတ်ရာ၌ အသင်းအဖွဲ့နှင့် စုစည်း၍ ဆောင်ရွက်လေ့ရှိသည်။ အာဏာရှင်ဆန်သော CEOမှာမူတစ်ဦးတည်းကသာ ဆုံးဖြတ်သည်။ လက်တွေ့မကျသော အကြံများဖြင့် လုပ်ဆောင်အားပေးသည်။

၉။ ။မဟာဗျူဟာသတ်မှတ်ခြင်း
တတ်သည့်ပညာရှင်ဆန်သည့် CEOက အဖွဲ့၏ရေရှည်မဟာဗျူဟာကိုချမှတ်ရာ၌ ကျွမ်းကျင်သူအဖွဲ့များ၏ စုစည်းတင်ပြချက်များအပေါ် အခြေခံ၍ချမှတ်သည်။ သို့သော် အာဏာရှင်ဆန်သောCEOကမူ ကိုယ်တိုင်ရေးဆွဲထားသော မဟာဗျူဟာကို မဖြစ်နိုင်သော အချိန်အတိုင်းအတာကာလအတွင်း မရရအောင် အကောင်အထည်ဖော်ဖို့ ကြိုးစားခိုင်းသည်။

၁၀။ ။ပရိုဂျက်အကောင်အထည်ဖော်ခြင်း
တတ်သည့်ပညာရှင်ဆန်သည့်CEOများက အမှန်တရား လက်တွေ့ပကတိအခြေ အနေများနှင့်နီးစပ်သော လုပ်ငန်းအချိန်ဇယား ချမှတ်ပြီးမှ ပရိုဂျက်များကို အကောင်အထည်ဖော်လေ့ရှိသည်။ စနစ်တကျကြီးကြပ်ကွပ်ကဲသည်။
အာဏာရှင်ဆန်သောCEOများသည် ပရိုဂျက်ကိုလူသိများအောင်လုပ်သည်။ စနစ်တကျကြီးကြပ်ကွပ်ကဲမှုညံ့သည်။

၁၁။ ။ကိုယ်ကျိုးစီးပွား
တတ်သည့်ပညာရှင်ဆန်သည့်CEOများသည် စာချုပ်၊စာတမ်းများအရ ပေးအပ်ထား သောဥပဒေဘောင်အတွင်းမှသာ ကိုယ်ကျိုးစီးပွားကို ရယူခံစားသည်။
အာဏာရှင်ဆန်သောCEOများသည်ရသလောက်ယူသည်။ ဘနဖူး သိုက်တူးသည်။

၁၂။ ။အခြားသူများအတွက်အကျိုးစီးပွား
တတ်သည့်ပညာရှင်ဆန်သည့်CEOက အခြားသူများ၏အကျိုးစီးပွားအတွက် ရှာပေးရာတွင်လည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများဖြင့်သာ ဆောင်ရွက်ပေးသည်။
အာဏာရှင်ဆန်သည့်CEOများသည် “ ဝေစား” မှုကို ကျင့်သုံးလေ့ရှိသည်။

၁၃။ ။ရှယ်ယာဝင်များ၏အကျိုးစီးပွား
တတ်သည့်ပညာရှင်ဆန်သည့် CEOများသည် အစုရှယ်ယာဝင်အားလုံး၏ ကိုယ်ကျိုးစီးပွားအတွက် အဖြစ်နိုင်ဆုံး ၊ အကောင်းဆုံးရလဒ်များရအောင်လုပ်ပေးမည်ဟု သံန္နိဌာန်ချထားကြသည်။
အာဏာရှင်ဆန်သည့်CEOများသည် ရှယ်ယာဝင်များ၏ အကျိုးစီးပွားအတွက် လုံးဝစိတ်မ၀င်စားပါ။ငါ့ဖို့သာ စိတ်ဝင်စားပါသည်။

၁၄။ ။သိသာမြင်သာထင်သာရှိမှု
တတ်သည့်ပညာရှင်ဆန်သည့် CEOဦးဆောင်သည့် လုပ်ငန်းတိုင်းတွင် သိသာမြင်သာ ထင်သာရှိသည်။ ပွင့်လင်းသည်။ ဖုံးဖိထားခြင်းမရှိ ။
အာဏာရှင်ဆန်သော CEOဦးဆောင်သည့် လုပ်ငန်းများတွင် သိသာမြင်သာထင် သာရှိမှုသည် အနိမ့်ဆုံးအဆင့်မှာသာရှိ၏။လူမသိလေကြိုက်လေဖြစ်၏။ တတ်နိုင်သမျှဖုံး ဖုံးဖိဖိလုပ်၏။

၁၅။ ။လူထုအမြင်
တတ်သည့်ပညာရှင်ဆန်သော CEOဦးဆောင်သည့် လုပ်ငန်းသည် ရိုးသားမှု ၊ သိက္ခာရှိမှု ၊ ဖြောင့်မတ်တည်ကြည်မှု၊ ရလဒ်ကောင်းရမှုတို့ကိုဦးတည်သည်။
အာဏာရှင်ဆန်သူCEOကမူ လုပ်သမျှပေါ်ပျူလာဖြင်ချင်သည်။

၁၆။ ။လုပ်ငန်းစီမံခန့်ခွဲမှုကာလပြီးဆုံးချိန်
တတ်သည့်ပညာရှင်ဆန်သော CEOဦးဆောင်သည့် လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှု ကာလပြီးဆုံးပါက လုပ်ငန်း၏ ရှယ်ယာရှင်များအတွက် ထူးခြားသိသာထင်ရှားသော ရလဒ် ကောင်းများရအောင် ဆောင်ရွက်ပေးနိုင်သည်။
အာဏာရှင်ဆန်သောCEOသည် ၄င်း၏လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုကာလ ပြီးဆုံးချိန်၌ သူ့ဘ၀မှာပို၍ ချမ်းသာသွားသည်။

၁၇။ ။ကာလပြီးဆုံးချိန်အဖွဲ့အစည်း၏အခြေအနေ
တတ်သည့်ပညာရှင်ဆန်သည့် CEOဦးဆောင်သော အဖွဲ့အစည်းတို့သည် ဆိုင်ရာCEO၏ သက်တမ်းကုန်ဆုံးသောအခါပို၍ အောင်မြင်လာသည်။အဖွဲ့ဝင်များ ပို၍အရည်အသွေးပြည့်လာသည်။ အနာဂတ်လည်းပို၍ တောက်ပြောင်လာသည်။
အာဏာရှင်ဆန်သော CEOဦးဆောင်သော အဖွဲ့အစည်းတို့မှာမူ ထိုCEO၏ သက်တမ်းပြီးဆုံးသောအခါ ဘဏ္ဍာရေးပြဿနာ၊ ၀န်ထမ်းပြဿနာ၊ စီမံခန့်ခွဲမှုပြဿနာ၊ စသည့်ပြဿနာပေါင်းများစွာနှင့် ယဲ့ယဲ့သာကျန်တော့သည်။ အနာဂတ်လည်းမရေရာ တော့။

နိဂုံး
အဖွဲ့အစည်းတစ်ခု၏CEOသည် ယင်းအဖွဲ့အစည်း အကြီးအကဲပင်ဖြစ်ပါသည်။ အဖွဲ့အစည်းဝင်များက မိမိတို့CEO၏ လုပ်ပုံ၊ကိုင်ပုံ၊ စဉ်းစားပုံ၊ ဆုံးဖြတ်ချတ်ချပုံ၊ ဆက်ဆံ ပုံနှင့် ၄င်းတို့၏ ဆောင်ရွက်ချက်ကြောင့် ရလာသောရလဒ်များကို အထက်ပါစံများနှင့် ချိန်ထိုးကြည့်ပါ။မိမိတို့အဖွဲ့အစည်း၏CEOသည်တတ်သည့်ပညာရှင်ဘက်သို့ယိမ်းယိုင်နေသူလား၊သို့တည်းမဟုတ်အာဏာရှင်ဆန်သောလမ်းသို့လျှောက်နေသူလား၊ဆိုသည်ကို
သုံးသတ်နိုင်ပါလိမ့်မည်။
အဖွဲ့အစည်းများ၏CEOများသည် မိမိတို့၏အဖွဲ့အစည်းကို မြင့်သထက်မြင့်သော နေရာသို့ရောက်အောင် ဦးဆောင်နိုင်ကြပါစေဟု ဆန္ဒပြုပါသည်။


ရွှေနွယ်

Thursday, November 8, 2007

my photo


I were in Incheon,Korea during the second week of October 2007 to study e-government experiences of Asia and pacific region.This is my photo with our lecturer from UN university.

Wednesday, November 7, 2007

Happy Nation


It is about Bhutan and I once wrote it in Market journal.I had the original article in soft copy and I will post it when I arrive back home.Now I am away from home for at least 3 or 4 days.